ကြံခင်းမြို့နယ်သစ်တောဦးစီးဌာနမှ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကြံခင်း စက်တင်ဘာ ၂၄

သစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊   ရာသီဥတုမျှတစေရန် ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို   ယမန်နေ့နံနက်ပိုင်းက၊  ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စု၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)ကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ  မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူထက်ဦးဆောင်သော သစ်တောဝန်ထမ်းများက (အ.ထ.က) (ချင်းမြောင်)ကျောင်းဝန်းအတွင်း စိန်ပန်းပြာ(၃၀)ပင်၊ နွယ်သာကီ(၃၀)ပင်၊ ခရေ(၄၀)ပင်၊ စွယ်တော်(၃၀)ပင်၊ ကံ့ကော်(၄၀)ပင်ကို ဆရာ/ဆရာမများအား ပေးအပ်ကာ ကျောင်းသား/သူများဖြင့် တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြီး  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အလားတူ  သဲဖြူကျေးရွာအုပ်စုရှိ ကုန်းမြင့်သာယာဘုန်းတော်ကြီးကျောင်းဝန်းတွင်လည်း  တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ  မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူထက်ဦးဆောင်သော သစ်တောဝန်ထမ်းများက ခရေ(၁၀ )၊ ကံ့ကော်(၁၀) ၊ စိန်ပန်း(၁၀)  စိုက်ပျိုးခဲ့ကြကြောင်းနှင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာတွင် စုစုပေါင်းပျိုးပင်(၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)