ကျိုက်လတ် စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နေ့လယ်ပိုင်းက (Book Club) နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ဉာဏ်သာ (မြန်မာပြန်) ရေးသားသည့် “ခေါင်းဆောင်မှုစွမ်းရည်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေ အကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဦးအေးမြင့်က “ခေါင်းဆောင်တစ်ဦး၏ ကြီးထွားရင့်သန်မှု” အကြောင်းကိုလည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ယဉ်လှက ‘’ခေါင်းဆောင်တစ်ဦး၏ လက္ခဏာများ” အကြောင်း နှင့် Book Club အဖွဲ့ဝင် ဒေါ်ဝင်းဝင်းမြင့်က “ခေါင်းဆောင်တစ်ဦး၏ ထိရောက်သော အကျိုးသက်ရောက်မှု’’ အကြောင်းတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)