ပန်းတနော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၇) စက်မှုလယ်ယာစခန်းမှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပန်းတနော် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၇) စက်မှုလယ်ယာစခန်းမှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်သက်မှ သင်တန်းသားများအား ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်လှစ်ပေးခဲ့ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို စက်တင်ဘာ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ၃၅ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ကျော်သူအောင် (ပြန်/ဆက်)