သရက် စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအထောက်အကူပြုအဖွဲ့ အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းနားတွင် ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံ အထောက်အကူပြအဖွဲ့ အတွင်းရေးမှူး ဒေါက်တာညွန့်ရွှေအောင်(ဆေးရုံအုပ်)မှ သရက်ခရိုင် ပြည်သူ့ဆေးရုံလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ ဆွေးနွေးမှုအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်မှာကြားပေးခဲ့ပြီး သရက်ခရိုင်ပြည်သူ့ဆေးရုံ အထူးကုပြင်ပလူနာဌာနသို့ လည့်လည်ရှုခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)