ပေါင်းတည် စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၈ နာရီအချိန်မှစ၍ အငြိမ်းစား၀န်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံဆောင်ရွက်မှုဖြင့် အစိုးရ၀န်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် အငြိမ်းစားဝန်ထမ်းများအားကျန်းမာရေးကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးဌာနမှူးဒေါက်တာသန်းသန်းချစ်ကအနီးကပ်ကြီးကြပ်၍ ဆရာဝန်များနှင့်ကျန်းမာရေး မှူးများ၊ ဆရာ၊ ဆရာမများက ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ ခံစားနေရသောရောဂါဝေဒနာများကို မေးမြန်းစမ်းသပ်ခြင်း၊ လိုအပ်သောဆေးထိုးနှံမှုနှင့် ဆေးဝါးများပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်းနှင့် လိုအပ်သော အပေါ့စားကျန်းမာရေးကိုယ်လက်လေ့ကျင့်ခန်းများကိုလည်း အဖွဲ့လိုက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)