ငရုတ်ကောင်း စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာ၊ လမ်းဘေးဝဲ/ယာတတွင်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ချစိုက်ပျိုးကြဲပက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူးဦးဝေယံဦး၊ ရဲတပ်ဖွဲ့စခန်းမှရဲအုပ်ထူးနိုင်၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဦးစိုးမိုးကျော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးဝေယံဦးနှင့်တာဝန်ရှိသူများ၊ ကျေးရွာစိုက်တိုးမြင့်အဖွဲ့မှတာဝန်ရှိသူများမှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ စုပေါင်းကြဲပက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)