ဒေးဒရဲမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင် တန်ဖိုးများကို အများပြည်သူများ အလေးထား သိရှိနိုင်စေရန်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့ နံနက် (၉) နာရီက ဒေးဒရဲမြို့နယ်၊ မငေးကလေး (အရှေ့) ကျေးရွာရှိ ဖျာပုံ-ဒေးဒရဲကားလမ်းမ လမ်းဘေးဝဲယာလျှောက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာမှ တာဝန်ခံတောအုပ်ကြီးဦးအောင်မျိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် မန်ဂျန်ရှားပျိုးပင် (၃၀၀) အား တပျော်တပါး စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အေဇာလင်း