ဘိုကလေးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဘိုကလေး စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ဘိုကလေး-မော်လမြိုင်ကျွန်း ကားလမ်းဘေးရှိ မိုင်တိုင်အမှတ် ၀/၇မှ ၀/၈ အနီးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးရန်နိုင်ဖြိုးနှင့် ဝန်ထမ်းများ၊ မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ တက်ရောက်၍ တက်ရောက်သူများအားလုံး စုပေါင်းကာ မဟော်ဂနီ (၁၅၀)ပင်၊ မာလာလူးကား(၁၀၀)ပင်၊ မန်ဂျန်ရှား (၂၅)ပင်နှင့် စိန်ပန်း(၂၅)ပင်၊ စုစုပေါင်းပျိုးပင် (၃၀၀)အား တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)