ငါးသိုင်းချောင်း စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်း လန်း စိုပြည်ရေးနှင့် ဂေဟစနစ် ထိန်းသိမ်းနိုင်ရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်အား ယမန်နေ့နံနက် ၉ နာရီ အချိန်ကငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း (မြတ်တို) ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) ဦးသန်းချစ်အေးမှ စိုက်ပျိုးမည့်ပျိုးပင်များအားအခြေခံ ပညာမူလတန်းကျောင်း (မြတ်တို) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန့်ဇင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများအား ပေးအပ်ခဲ့ကာ ပျိုးပင်အားဦးဆောင်စိုက်ပျိုးပေးခဲ့သည်။
ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတော်တက်ရောက်လာကြသူများမှ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ ပျိုးပင်များအား တစ်ညီတစ်ညာတည်း စိုက်ပျိုးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) နှင့် အဖွဲ့ဝင်များမှ စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ ကျင်းပပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၌ ကျွန်း၊ ပျဥ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား စသည့်အဖိုးတန်သစ်ပင်များအပြင် ကံ့ကော်၊ ခရေ၊ စိန်တခြူ၊ စိန်ပန်း၊ စကားဝါ၊ ပိတောက်စသည့်အပင်များ သီးပင်စားပင်များဖြစ်သည့် စိန်တစ်လုံး၊ အုန်းခြိုမွေးပင်၊ အစေ့လွတ်ပိန္နဲပင် စသည့်အပင်များနှင့် စိုက်ပျိုးပင်အရေအတွက် (၂၇၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)