သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့ရသော မိသားစုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်

သာပေါင်း စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘုရားနီကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စက်တင်ဘာလလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင် ဦးကျော်မျိုးဦးနှင့်အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး ပေါင်း(၁၀)ဦးတို့ နေထိုင်ရာ သွပ်မိုး၊ ဓနိကာ၊ ဝါးခင်း(၁၈×၁၅×၁၈’)နေအိမ်ပြိုကျပျက်စီး၊ ဒေါ်‌အေးသီတာနှင့်အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသမီး(၂)ဦးတို့နေထိုင်ရာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၁၅’×၁၈×၁၅’)နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် အိမ်ထောင်စု(၂)မှ လူဦးရေ(၁၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၂၅၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀၀၀၀)ကျပ်၊ ကယ်ဆယ်‌ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံးစီနှင့် တန်ဖိုးငွေ(၂၁၅၃၅၆) ပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၂၅၂၀၀)တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ဦးစီးမှူး‌ ဒေါ်ခိုင်ခိုင်ဝင်းတို့က ဘေးသင့်မိသားစုများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)