နတ်မောက် စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စက်တင်ဘာလဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၈ နာရီတွင် ဆည်ရေတိုင်းထွာချက်အရ ရေပြည့်အမှတ်ထက် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၃)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၈၇.၉)ပေ ရှိသည့်အတွက် ရေပိုလွှဲမှ (၄.၉)ပေ ရေကျော်ကျလျက်ရှိပြီး ဆည်၏ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်း ချောင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
လှဝင်း