နတ်မောက်မြို့၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသ

နတ်မောက် စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် လမ်းသွားလမ်းလာပြည်သူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူရေးအကြောင်းများကို သိရှိစေရန် (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် သန်းခေါင်စာရင်းကောက်ယူရေးသိကောင်းစရာများ၊ သန်းခေါင်စာရင်းထည့်ကောက်ရမည့်သူများ၊ (၂၀၂၄)ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်၍ ပြည်သူများက စာရင်းကောက်မှ မေးမြန်းသောမေးခွန်းများကို မှန်ကန်ပြည့်စုံစွာဖြေဆိုရန်နှင့် ကျန်းမာရေးအသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး အသိပညာပေးအကြောင်းအရာများကို လစဉ်နံရံကပ်စာစောင်များကို ပုံမှန်လဲလှယ် ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း