တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား

တောင်တွင်းကြီး စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြိုနယ်တွင် စက်တင်ဘာ(၂၁) ရက်နေ့ညမှစ၍ မိုးများအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများနှင့် ငမင်တမံ၏ ​​ရေပြည့်အမှတ် (၆၈၂)ပေရှိဖြစ်ပြီး  ယမန့်နေ့ည (၁၀)နာရီ တိုင်းထွာချက်များအရ လက်ရှိရေမှတ်မှ (၆၈၆.)ပေရှိသည့်အတွက် ရေပိုလွှဲမှ (.)ပေ ရေကျော်လျက်ရှိရာ အဆိုပါ ရေစီးများဝင်ရောက်လာမှုကြောင့် စက်ယိုချောင်းရေလျှံလျက်ရှိကာ ယနေ့နံနက်ကစတင်၍ တောင်ပြင်(၁)ရပ်ကွက်၊ တောင်ပြင်(၂)ရပ်ကွက်၊ အုန်းတော(၂)ရပ်ကွက်တို့တွင် ရေများဝင်ရောက်လျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)