ရေတာရှည် စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ယာယီရေဘေးရှောင်စခန်းကိစ္စများနှင့် ပတ်သက်ပြီး အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့တော်ခန်းမရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ ရေဘေးကယ်ဆယ်ရေးကိစ္စများနှင့် ပြောကြားရာတွင် အခုလိုရေဘေးကိစ္စတွေမှာ အားကျိုးမာန်တက်စွမ်းစွမ်းတမံပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ရေများပြန်လည်ကျဆင်းတဲ့အခါ စိုက်ပျိုးရမည့် သီးနှံများအကြောင်း၊ မကြာမီကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ လူတစ်ဦးလျှင် တစ်လစာထောက်ပံ့ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို တက်ရောက်လာသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ရေဘေးသင့်ပြည်သူများအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် ဆန်တစ်အိတ်၊ ဆီ(၁)ပုံးစီလှူဒါန်းပေးခဲ့ကြကြောင်းနှင့် တက်ရောက်လာသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ မိမိတို့ရဲ့ကျေးရွာအတွင်းရှိ အခက်အခဲများကို တင်ပြခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)