တောင်ငူ စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ တောင်ငူမြို့နယ်ရှိ ရေဘေးရှောင်စခန်းများသို့ အင်ဖက်များနှင့် သောက်ရေသန့်များ ယမန်နေ့ နံနက်ပိုင်းက ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် တောင်ငူမြို့နယ်ရှိ ရေဘေးရှောင်စခန်းများသို့ မြို့နယ်စည်ပင်သာယာရေးရုံးမှ ဝန်ထမ်းများက ထမင်းများအား အင်ဖက်များဖြင့် ထုပ်ပိုးပေးနိုင်ရေးအတွက် အင်ဖက်များ ဖြန့်ဝေပေးပို့ခြင်း ဆောင်ရွက်ပေးပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သောက်သုံးရေကားဖြင့် သောက်ရေသန့်များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို