တောင်တွင်းကြီး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရေဦးကျေးရွာတွင် ဒေသခံပြည်သူများအား ယမန်နေ့နံနက် (၉)နာရီအချိန်က ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နေဇော်အောင်၏ ကြီးကြပ်မှုဖြင့် ပြည်သူကျန်းမာရေးဝန်ထမ်းများသည် ကျေးရွာနေပြည်သူများအား ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အရိုးအကြော၊ အပူလောင်ခြင်း၊ သွေးတိုးရောဂါစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြည်သူကျန်းမာရေးဆောင်ရွက်ပေးခြင်းကို တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနေဇော်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)