ပလောက် စက်တင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့ထွေ/အုပ် ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က ပလောက်မြို့တွင် ရပ်ကွက် (၄) ရပ်ကွက်ရှိပြီး အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ကောက်ယူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာမျာအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သောကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်များနှင့် ပူးပေါင်းမည့် အဖွဲ့များ အဆင်ပြေစွာ လုပ်ဆောင်နိုင်ရေး၊ လိုအပ်သည်များပံ့ပို့ကူညီပေးနိုင်ရေး၊ ကြိုတင်စီမံဆောင်ရွက်ထားရှိနိုင်ရေး၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)