တောင်ငူမြို့၊ ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌမှ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း

တောင်ငူ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက တောင်ငူမြို့ ၊ အမှတ် () ရပ်ကွက်၊ စခန်းအမှတ်စဥ် (၁) ရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်နှင့်အဖွဲ့ဝင်များက စားသောက်ဖွယ်ရာများ၊ အဝတ်အစားများနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပြီး အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)