တောင်တွင်းကြီး စက်တင်ဘာ ၂၂
အောက်တိုဘာ(၁)ရက်တွင်ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲမြင့်ဦးဆောင်မှုဖြင့် တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်တွင် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ရဲတပ်ဖွဲ့ဝင်များစုပေါင်းပြီး သွေးလှူဒါန်းခဲ့သည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် အမှန်တကယ်သွေးလိုအပ်နေသော ဝေဒနာရှင်များအတွက် အလှူတစ်ရပ်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းလှူဒါန်းကြရာ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းသူများကို ကြက်ဥ၊ Royal D အအေးဗူးနှင့် သွေးအားတိုးဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)