ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်သင်တန်း ဖွင့်လှစ်

ရေတာရှည် စက်တင်ဘာ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးမြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကအောင်ဆန်းခန်းမတွင် သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းတွင် ရေတာရှည်မြို့နယ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ သန်းခေါင်စာရင်းကော်မတီအတွင်း အရေးမှူးမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးမင်းညီညီထွန်းကမှ သန်ခေါင်စာရင်းဥပဒေများ ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ အထက်တန်းပြဆရာ နည်းပြ (၁၀)ဦးက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်း အရာများ၊ လက်တွေ့လေ့ကျင့်ခန်းများ အပြန်အလှန် ဆွေးနွေးခြင်း၊ စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာ အကြောင်းအရာများ၊ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ၊ ပဟေဠိအမေးအဖြေများနှင့် ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် သင်တန်းသား/သူ ဆရာ၊ ဆရာမ (၁၆၂)ဦးအား လေ့ကျင့်သင်ကြား ပို့ချပေးလျက်ရှိသည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၂ ရက်နေ့မှအောက်တိုဘာ(၁) ရက်နေ့ထိ ၁၀ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်နေ့၌ သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်/စာရင်းကောက် ဆရာ/ဆရာမများ အနေဖြင့် စာရင်းကောက်ကွက်အတွင်းတစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tabletများ အသုံးပြု၍ သန်းခေါင်စာစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)