မင်းလှ စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးကန်များအတွက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အင်းဘုတ်ကုန်းကျေးရွာ၌ ပြုလုပ်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဖြိုးဝေလင်းတို့က ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးကန် (၂၁ )ဧကအတွက် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၄၂၀၀၀) အား ငါးမွေးတောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)