ဟင်္သာတမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးခြင်းနှင့် အသိပညာပေး လက်ကမ်းများဖြန့်ဝေ

ဟင်္သာတ စက်တင်ဘာလ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင် ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းနှင့် ​လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီက ဟင်္သာတမြို့နယ်အတွင်းရှိ ဌေးဝင်းဈေးနှင့်ပဒေသာစျေး ရှေ့လမ်းတစ်လျှောက်နှင့် မြို့တွင်းလူစည်ကားရာနေရာတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လတ်တလောဖြစ်ပွားနေသော သဘာဝဘေးများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများ၊လူစည်ကားရာနေရာများတွင် အသိပေးနှိုးဆော်ခြင်းများနှင့် ရေဘေး၊လေဘေးနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင် (၅၀၀) အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)