ထန်းတပင်(ပဲခူး) စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့ နယ်သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်ဝင်းမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ ကောက်ယူမည့် နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၆) ရပ်ကွက်ကျေးရွာအုပ်စု(၂၉)အုပ်စု ကောက်ကွက်ပေါင်း (၃၁၅) ကောက်ကွက်စာရင်း ကောက်(၂၃)ဖွဲ့တို့မှ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များအသုံးပြု၍ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ရာ သင်တန်းကို ဆရာ ဆရာမ(၆၇)ဦး တက်ရောက်ပြီး နည်းပြ (၆)ဦးမှ သင်ကြားပို့ချပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ သင် ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)