အုတ်တွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

အုတ်တွင်း စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်အုတ်တွင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဦးနော်ဟိန်းက သန်းခေါင်စာရင်းဆိုင်ရာသဘောတရားများ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍သင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာအကြောင်းအရာများနှင့် သန်းခေါင်စာရင်းဆိုင်ရာသဘောတရားများကို နည်းပြဆရာ(၁၀)ဦးတို့က သင်တန်းသား/သင်တန်းသူ(၁၃၇)ဦးတို့အား စက်တင်ဘာ ၂၂ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အထိ (၁၀)ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့၌ စာရင်းကောက်ယူရာတွင် အုတ်တွင်းမြို့နယ်အနေဖြင့် ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၀)အုပ်စု၊ ကျေးရွာ(၂၃၀)ရွာ၊ ကောက်ကွက်ပေါင်း(၃၈၄)ကွက်၊ စာရင်းစစ်(၂၂) ဦး၊ စာရင်းကောက်(၁၁၅)ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဦးစီးဌာနမှူးရုံးမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)