ဇလွန် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပျဥ်းမကုန်း - စိန်ဝိုင်း - တာကွေ့လမ်းတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာနေပြည်သူများ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်လင်းက ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန တာဝန်ခံတောအုပ်ဦးမြင့်သူက ပြည်သူများအား ပျိုးပင်များပေးအပ်ခဲ့ပြီး မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်လင်းနှင့်
တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူများစုပေါင်း၍ မန်ဂျန်ရှားပင်(၁၄၂) ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဝေယံ - ဇလွန် ( ပြန် / ဆက် )