မြောင်းမြ စက်တင်ဘာ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသရရှိရေးတို့ကိုရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉း၀၀)နာရီအချိန်က မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့်အဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ရွာနေပြည်သူများ စုစုပေါင်း(၅၀)ဦးတို့မှ ရေတမာ(၉၀)ပင်နှင့် ခရေ(၉၀)ပင်တို့အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)