လပွတ္တာမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လပွတ္တာ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ (၉)မိုင်ရှိ ကန်သာယာမူလတန်းကျောင်း ခြံဝန်းနှင့် လပွတ္တာ-သင်္ဃန်းကြီး ကားလမ်းဘေးတွင် မြို့နယ်သစ်‌တောဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက် (၉)နာရီက မိုးရာသီစုပါင်းသစ်ပင်စိုက်ပျိုးပွဲကို တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနအသီးသီးမှ သတ်မှတ်နေရာများတွင် သစ်ပင်များစုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူးဦးကျော်ဝင်းနိုင်နှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပျဥ်းကတိုး(၉၀)၊ ခရေပင်(၂၅)၊ ကံ့ကော်(၂၅)၊ ရေတမာ(၅၀)၊ မျောက်ငို(၁၀)၊ သရက်(၁၀)၊ ပိန္နဲ(၁၀)၊ မာလကာ(၅)၊ ဂွေးချို(၄)တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ အလားတူ လပွတ္တာ-သင်္ဃန်းကြီး ကားလမ်းဘေးမိုင်တိုင်အမှတ် (၃/၆)မှ(၅/ဝ)ကြားတွင် မန်ဂျန်းရှားပင်(၃၀၀)ကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်းစုပေါင်း၍ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မူမူ