ဝါးခယ်မ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တောင်အူချောင်းဖျားကျေးရွာ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသရရှိရေးတို့အတွက် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကျေးစာရေးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများမှ ကျွန်း(၅၀)ပင်၊ မဟော်ဂနီ(၅၀)ပင် စုစုပေါင်း(၁၀၀)ပင် တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)