တောင်ငူမြို့ရှိ ရေဘေးသင့်ပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း

တောင်ငူ စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား  ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ပဲခူးတိုင်းဒေသကြီး အမျိုး သမီးရေးရာ အဖွဲ့ဝင်များသည် ယမန်နေ့က လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် ပဲခူးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ (ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် တောင်ငူမြို့ မိုးကောင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ သောက်ရေသန့်၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းသည်။ ထို့နောက် မိုးကောင်းကျေးရွာအုပ်စု၊ အောင်စကြာဓမ္မာရုံရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားပြီး အိမ်ထောင်စု (၁၂၀)စုအတွက် ဆန်၊ ဆီ၊ သောက်ရေသန့်၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (​တောင်ငူ)