ဝေါ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ) ဥက္ကဋ္ဌ ဗိုလ်မှူးရွှေသွေးနှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စာရင်းကောက်/စာရင်းစစ်အဖွဲ့ဝင်များ၊ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ် သန်းခေါင်စာရင်းကော်မတီ (ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးရွှေသွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်ဦးက လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်အထိ တစ်အိမ်တက်ဆင်း ကောက်ယူသွားမည့် အချက် အလက်များအား ရှင်းလင်းပြေကြားသည်။
ထို့နောက် သန်းခေါင်စာရင်းကောက်ယူရေး အထောက်အကူပြုပစ္စည်းများအား စာရင်းစစ်၊ စာရင်းကောက်များအား တစ်ပါတည်းဖြန့်ဝေပေးသွားမှာဖြစ်ပြီး၊လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်အဖွဲ့(၂၆)ဖွဲ့မှ စာရင်းစစ်/စာရင်းကောက် (၁၃၈)ဦးကိုလည်း သင်တန်းဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)
ဝေါ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ)ဥက္ကဌ ဗိုလ်မှူးရွှေသွေး နှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စာရင်းကောက်/စာရင်းစစ်အဖွဲ့ဝင်များ၊ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ် သန်းခေါင်စာရင်းကော်မတီ (ခေတ္တ)ဥက္ကဌ ဗိုလ်မှူးရွှေသွေး က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်ဦး က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ခုနှစ် အောက်တိုဘာ၁ရက်နေ့မှ ၁၅ရက်အထိ တစ်အိမ်တက်ဆင်း ကောက်ယူသွားမည့် အချက် အလက်များအား ရှင်းလင်းပြေကြားသည်။
ထို့နောက် သန်းခေါင်စာရင်းကောက်ယူရေး အထောက်အကူပြု ပစ္စည်းများအား စာရင်းစစ်၊စာရင်းကောက်များအား တစ်ပါတည်း ဖြန့်ဝေပေးသွားမှာဖြစ်ပြီး၊လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် အဖွဲ့(၂၆)ဖွဲ့မှ စာရင်းစစ်/စာရင်းကောက် (၁၃၈)ဦးကိုလည်း သင်တန်းဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)