မင်းလှမြို့နယ် မလွန်အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်တွင်လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွား‌စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်‌စေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်း ရည်များရင့်သန်လာစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)  နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်၊ မလွန်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါခိုင်တို့ကအမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ဇာဇာငြိမ်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ် ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးကModeratorအဖြစ်ဆောင်ရွက်ပြီး Grade-11 ၊Grade-10နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၆)ဦးက ဆွေးနွေးခဲ့ကြရာ Grade-11‌ကျောင်းသူမရွှေရည်မင်းကလူငယ်နှင့်မူးယစ်‌ ဆေးဝါးအန္တရာယ်၊ Grade-10ကျောင်းသား မောင်ကြယ်စင်လင်းက လူငယ်နှင့်‌ပေါင်းသင်းဆက်ဆံ‌ရေး Grade-10‌ကျောင်းသူ မဆုမြတ်သဇင်က လူငယ်နှင့်စာဖတ်ခြင်းအကျိုး၊ Grade-9‌ကျောင်းသား မောင်ဥက္ကာမင်းက လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ Grade-9ကျောင်းသား မောင်အောင်ပြည့်ကျော်က လူငယ်နှင့်အချိန်၏တန်ဖိုး၊ Grade-9 ကျောင်းသူ မမိုးပွင့်က လူငယ်နှင့်ဘာသာ‌ရေးစသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များအား မေးမြန်းဆွေးခဲ့ရာ ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာဖတ်ခြင်းဖြင့် ရရှိစေသည့်အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)