သာပေါင်း စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ရသည့် မိသားစုအားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စက်တင်ဘာလလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဘိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျားရဲကျေးရွာအုပ်စု၊ မဏ္ဍိုင်ကျေးရွာနေ ဦးသိန်းထွန်းနှင့်အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး ပေါင်း(၈)ဦးတို့နေထိုင်ရာ ဓနိမိုး၊ ဓနိကာ၊ ထရံခင်း(၁၅’×၁၅’×၁၅’) နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် အိမ်ထောင်စု(၁)မှ လူဦးရေ(၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၁၆၈၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံးစီနှင့် တန်ဖိုးငွေ (၁၀၇၆၇၈) ပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၆၈၀၀)တို့ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်းမှ ဘေးသင့်မိသားစုလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း