ကလေး စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “အပြောင်မြောက် ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း”စာအုပ်ပါအကြောင်းအရာများ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် စာပေဝါသနာရှင် ဒေါ်ဝေမာချို ကဒေါက်တာခင်မောင်ညို ရေးသားသော “လူငယ်နှင့် အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း” စာအုပ်ပါအကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးစာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ (Talk Show) များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)