ရေတာရှည်ယာယီရေဘေးရှောင်စခန်း ဆွာမြို့စက်ရုံကျောင်းတိုက်နှင့် ဆွာ SHU သာဂရအပိုင် ကန်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်သို့ အထူးကုဆရာဝန်များ ကွင်းဆင်းဆေးကုသ

ရေတာရှည် စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း ဆွာမြို့စက်ရုံကျောင်းတိုက်နှင့် ဆွာ SHU သာဂရအပိုင် ကန်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်သို့ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအထူးကုဆရာဝန်များ ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ကွင်းဆင်းဟောပြောဆေးကုသပေးရာတွင် စိတ်ကျန်းမာပညာဆရာဝန်၏Psychology First Aid အကြောင်းအပါအဝင် ကျန်းမာရေးအသိပညာပေး ဟောပြောပေးခြင်း၊ ပြည်သူ (၇၄) ဦးအား ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများနှင့် chlorination ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့သည်။

အဆိုပါရေဘေးရှောင်ပြည်သူများထံသို့ ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးကြိုတင်ကာကွယ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးအဖွဲ့များ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)