တီးတိန် စက်တင်ဘာ ၂၁
ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တီးတိန်ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။
ဦးစွာ တီးတိန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာ လဝကဦးစီးမှူးဦးလှမင်းဦးက စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သန်းခေါင်စာရင်းဆိုင်ရာဆက်စပ်ပစ္စည်းများအား တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြကြောင်းသိရသည်။
မိုးမိုး