ငပုတော စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဖျန်ရေကျော်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုရီက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်မြင့်မြင့်စန်းက ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍ သိရှိရမည့်အကြောင်းအရာများနှင့် အွန်လိုင်းစနစ်ရောင်းချရမည့် လုပ်ငန်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ယွန်းရွှေရည်မြင့်က အားကစားနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက်တန်းပြဆရာ ဦးထွန်းထွန်းနိုင်နှင့် ဆရာမ တိုးတိုးလွင်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ Grade- 11 ကျောင်းသား မောင်ခန့်မင်းကိုက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 11 ကျောင်း သား မောင်ပိုင်ဇင်ထက်က လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 11 ကျောင်းသား မောင်ကောင်းဇေယျာလွင်လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade–10 ကျောင်းသူ မပိုးအိစံက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 11ကျောင်းသူ မရွှေရည်ဝင်းက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11မှ မထွန်းသိရီဇော်က လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုမှတ်သားထားသော အတွေးအခေါ်များကို မျှဝေဆွေးနွေးခဲ့ရာ ကျောင်းသား၊ကျောင်းသူများ၏ ဆွေးနွေးချက်များကိုအခမ်းနားသို့ တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများက သိလိုသည့်များကို မေးမြန်းခဲ့ကြရာကဏ္ဍာအလိုက်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြသည်။ ထို့နောက်ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)