ကြံခင်းမြို့နယ် (အ.ထ.က)ရေနံတောင်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း  စက်တင်ဘာ   ၂၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက (အ.ထ.က) ရေနံတောင်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးက လူငယ်နှင့်အားကစားဆိုင်ရာများ၊ လူငယ်နှင့်ခေါင်းဆောင်မှုအား အသိပညာပေးပြောကြားပြီးနောက်၊ (အ.ထ.က)ရေနံတောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးအားအားကစားပစ္စည်းများပေးအပ်ခဲ့သည်။

အဆိုပါလူငယ်ရေးရာဟောပြောပွဲသို့ (အ.ထ.က) ရေနံတောင်ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းဌေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦး တက်ရောက်ကြကြောင်းနှင့်  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ခေါင်းဆောင်သောအဖွဲ့များက  အကြောလျှော့လေ့ကျင့်ခန်းနှင့် Fitness Danceအကဖြင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)