ကရသူရိ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာများဖြစ်သည့် ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လျှပ်စစ်စီးခြင်းစသည့် အန္တရာယ်များ ဖြစ်ပေါ်လာနိုင်၍ ကျောင်းသား/ သူများအနေဖြင့် ကြိုတင်ကာကွယ်သတိပြုကြရန်လိုအပ်ကြောင်း၊ တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်ဆောင်ရွက်ချက်များ၊ ဆောင်ရန်/ ရှောင်ရန်အချက်များ စသည့်တို့ကို ဟောပြောသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များနှင့် စာအုပ်/ စာစောင်တို့ကို ခင်းကျင်းပြသရာ ကျောင်းသား/ သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်များကို ကျောင်းသား/ သူများ အသိပညာဗဟုသုတရရှိရေး ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)