နတ်မောက် မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

နတ်မောက် စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန နတ်မောက်မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါ ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ထိုသို့ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပရာ၌ အငယ်ဆင့်သားငယ် သမီးငယ်လေးများက မရှုပ်ပွ(ပုံပြင်)၊ ဝါဆိုပန်းခူး၊ တာဝန်ကိုယ်စီ၊ ဖေဖေကြီး၊ ဘဲကလေး၊ သူငယ်ချင်း၊ ရွှေလက်ဆောင်၊ ပန်းပွင့်ကလေး၊Rain Rain Go Away ကဗျာတေးသီးချင်းများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့အပြင် ကူညီတတ်သည့် ရှဉ့်ညိုလေး (ပုံပြင်)၊ ဆရာမမှာကြားချက်၊ လယ်တောရှင်၊ ရွှေကြက်ဖ၊ ရှမ်းအိုးစည်၊ သပြေသီးကောက် စသည့် ကဗျာများဖြင့် အကြီးဆင့်သားငယ်/သမီးငယ်လေးများက ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ နတ်မောက် မူကြိုကျောင်းမှ ကျောင်းအုပ်ဆရာမနှင့် မိဘဆရာအသင်းအဖွဲ့များက ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသည့် သားငယ်/သမီးငယ်လေးများကို ဆုလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှဝင်း