ပလောက် စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာဖတ်ဝါသနာပါသူများ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအား စာပေများ လက်ဝယ်အရောက် ငှားရမ်းဖတ်ရှုနိုင်ရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ပလောက်မြို့ရုံး ဝန်ထမ်းများက ဌာနဆိုင်ရာ ရုံးများအား အလှည့်ကျ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)