ဆိပ်ဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဆိပ်ဖြူ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သံဇလုံကျေးရွာ (အ.လ.ကခွဲ)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ဖြစ်ပွားပါက လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင် "ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေဖတ်ကြစို့" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မျောက်ကျောက်ရောဂါအကြောင်းသိကောင်းစရာ၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ညွန့်နန္ဒာတင်