ပိုင်ကျုံ စက်တင်ဘာ ၂၀
ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က ပိုင်ကျုံမြို့ရှိ အ-မ-က ပိုင်ကျုံ မြန်မာစုကျောင်းနှင့် အ-မ-က တနင်းဖလုံကျောင်းတို့၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ပလတ်စတစ်၏ဆိုးကျိုးများ၊ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေးဆိုင်ရာ နည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များစည်းကမ်းရှိပြီး လူတော်လူကောင်းဖြစ်ဖို့ လိုအပ်သည့်ကြောင်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ထိုလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းသား/ သူများနှင့် ရပ်မိရပ်ဖများ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် ပြသထားသည့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)