ရေဖြူ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် သဘာဝဘေးနှင့်ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေးပြည်သူ များသို့ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့ပေါ်(က)(ခ)ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ဆောင် ရွက်ခဲ့ကြသည်။
ထို့သို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးအောင်ကိုမင်း၊ ဒုတိယဦးစီးမှူး ဦးအောင်ကျော်မျိုးတို့က ဦးဆောင်၍တပ်ဖွဲ့ဝင်များက ပြည်သူများအား မိုးရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဘသာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါကလည်း အရေးပေါ်ဆက်သွယ်ဆောင်ရွက်မည့်အချက်များ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို သတိပြုကြရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးနှိုးဆော်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
ခတ္တာ