ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် စက်တင်ဘာ ၂၀

ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြိုနယ်ပညာရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာအုပ်စုတို့တွင် လတ်တလော မြစ်ကမ်းပါးပြိုကျမှု အခြေအနေများ၊ လူနေအိမ် (၁၄) လုံးတို့အား ဘေးလွတ်ရာသို့ ယာယီရွေ့ပြောင်းထားရှိမှု အခြေအနေများနှင့် အ.မ.က(မူလွန်)ဆင်ကျွန်းစာသင်ကျောင်း ကမ်းပြို၊ ကမ်းစားမှုဖြစ်ပေါ်သည့် နေရာနှင့် ပေ (၂၅၀) ခန့် အကွာသို့ ရောက်ရှိနေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက အ.မ.က (မူလွန်) ဆင်ကျွန်းစာသင်ကျောင်းတွင် ရှားပင်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ၊ရပ်မိရပ်ဖများ၊ အ.မ.က (မူလွန်) ဆင်ကျွန်းစာသင်ကျောင်း ကျောင်းအုပ်ဆရာကြီးတို့နှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ ကမ်းပြို၊ ကမ်းစားမှု ဆက်လက်ဖြစ်ပေါ်ပါက ဆင်ကျွန်းကျေးရွာရှိ အိမ်ခြေ(၄၀)အိမ်ထောင်စု (၄၂)၊ လူဦးရေ(၁၅၂)ဦးနှင့် စာသင်ကျောင်းဆောင် (၂) ဆောင်တို့အား ရွေ့ပြောင်းမည့် မြေနေရာအား စိစစ်ရွေးချယ်သတ်မှတ်ခဲ့ပြီး အလျင်အမြန်ရွေ့ပြောင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြာင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)