တောင်ကြီး စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းအဖြစ် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သည့် ကွမ်းသီး၊ တညှင်း၊ ဒူးရင်း၊ ကော်ဖီ၊ မင်းကွတ် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အသက်မွေးဝမ်းမှုအဖြင့် ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ချဉ်ပေါင်ဖာလာသီးများ အထွက်နှုန်းလျော့နည်းသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ယခင်နှစ်ကဆိုရင် ဖာလာသီးခြောက်တစ်ပိဿာကျပ်(၉၀၀၀)ရရှိပြီး စိုက်ပျိုးထားတဲ့(၅)ဧကလောက်ရှိတဲ့ခြံက ပိဿာ(၄၀၀)ထွက်ရှိတဲ့အတွက် ဌားထားတဲ့အလုပ်သမားခရော စားသောက်စရိတ်နဲ့ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်တွေပေးပြီး ကိုယ့်အတွက် အမြတ်ငွေကျန်ပေမဲ့ ဒီနှစ်ဖာလာအထွက်နှုန်း သိသိသာသာလျော့နည်းခြင်း၊ ကုန်ဈေးနှုန်းများကြီးမှုကြောင့် ယခုချဉ်ပေါင်ဖာလာခြောက် ပိဿာ(၁၂၀)သာ ရရှိတဲ့အတွက် ဈေးကောင်းရရှိမှသာ ကျွန်တော်တို့ ချဉ်ပေါင်ဖာလာစိုက်ပျိုးလုပ်ကိုင်သူ ခြံပိုင်ရှင်များအတွက် အဆင်ပြေစေမှာဖြစ်ကြောင်း ခြံပိုင်ရှင် ဦးစောခရစ်က ပြောကြားခဲ့သည်။
အဆိုပါ ချဉ်ပေါင်ဖာလာသီးခြောက်များ ယခင်နှစ် တစ်ပိဿာကျပ်(၁၂၀၀၀)ရရှိပြီး ယခုနှစ်တွင် တစ်ပိဿာကျပ် (၁၅၀၀၀)ထိ ရရှိသော်လည်း ချဉ်ပေါင်ဖာလာသီးအထွက်နှုန်း လျော့နည်းမှု၊ လုပ်အားခ၊ သယ်ယူစရိတ်နှင့် ကုန်ဈေးနှုန်း ကြီးမြှင့်မှုများကြောင့် ချဉ်ပေါင်ဖာလာစိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် ဈေးကောင်းများရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
နော်နော်မူ