နတ်မောက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြသခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ဈေးရပ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံမူလတန်းကျောင်း(ဈေးရပ်)ရှိ ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်က အမှာစကားပြောကြားပြီး ဒေါ်သိမ့်သိမ့်မိုး(ဦးစီးအရာရှိ)က ကျောင်းသား/သူများအား ကျောင်းသင်ခန်းစာအပြင် အခြားဗဟုသုတရဖွယ်များ လေ့လာနိုင်ရန်၊ စာဖတ်ခြင်းအလေ့အထ ရှင်သန်လာစေရန်နှင့် စာပေမှတဆင့် အသိဉာဏ်အမျှော်အမြင်ကြွယ်ဝလာကာ အမှားအမှန်ဝေဖန်ပိုင်ခြားတတ်စေရန်၊ စာဖတ်သူဦးရေ တိုးပွားလာကာ ဗဟုသုတအကြားအမြင် ကျယ်ပြန့်လာ၍ အနာဂတ်လူငယ်မျိုးဆက်သစ်များ အသက်မွေးဝမ်းကျောင်းပညာဆည်းပူးရင်း ပြင်ပဗဟုသုဖြစ်ဖွယ်များ လေ့လာသိရှိခွင့်ရကြစေရန်အတွက် စာပေဖတ်ရှုကြရန် ဟောပြောဆွေးနွေးပြီး ဒေါ်ဝင်းမေထွန်း(စာထောက်-၃)က စာဖတ်နည်း (၃)နည်း၊ စာပေအမျိုးအစား (၃)မျိုးနှင့် စာဖတ်ခြင်းဖြင့်ရရှိလာသော အကျိုးကျေးဇူးမျးအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံများကို စိတ်ပါဝင်းစားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း