မြို့သစ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မြို့သစ်  စက်တင်ဘာ  ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ မြို့သစ်မြို့၊ မင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းသို့ ယမန်နေ့နေ့လယ် (၁)နာရီအချိန်က သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ဝင်းအိဇွန်က နယ်လှည့်စာကြည့်တိုက်ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပြပွဲကို ဆက်လက်ကျင်းပရာ မင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက အသိပညာပေးစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့သည်။

အဆိုပါ စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)