ရွှေကျင်မြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ကျင်းပ

ရွှေကျင် စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကုတင် (၁၀၀) ဆေးရုံအုပ် ဒေါက်တာသိန်းနိုင်လင်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်တိုင်းရင်း‌ဆေးတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း အချိန်မှစ၍ အခြေခံပညာမူလတန်း ခမရ(၃၄၉)ကျောင်းနှင့် ‌ခမရ(၃၅၀)ကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းတွင် ရွှေကျင်မြို့နယ် ကျန်းမာရေးဝန်ထမ်းများက မိုးရာသီကာလတွင် ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါနှိမ်နင်းရေးနှင့် ပတ်သက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ ထောင်၊ လောင်း၊ ဖွင့်၊ ရှင်း၊ မြှုပ်၊ ထည့် အကြောင်းအရာများ၊ ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးက ခြင်မှတဆင့် ကူးစက်တက်သည့် ရောဂါများအကြောင်း အသိပညာ‌ပေးပြော‌ကြားခဲ့သည်။ ထို့နောက် ရွှေကျင်မြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ သွားဆရာဝန် ဒေါက်တာခင်ငြိမ်းခန့် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ကျန်မာရေးစစ်ဆေးပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)