သရက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြင်ထန်းဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က မိုးရာသီတွင် ဖြစ်ပွားမှုများနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသော ရေနှင့်အစားအသောက်များ စားသောက်မိရာမှတစ်ဆင့် ဖြစ်ပွားတတ်သဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အထူးဂရုစိုက်ရန်နှင့် သန့်လေးသန့်ကို စနစ်တကျ လိုက်နာလျှင် ကူးစက်မှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့တွင် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည့် Mpox(မျောက်ကျောက်)ရောဂါ နှင့်ပတ်သက်၍ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများကို ရှင်းလမ်းဆွေးနွေးပြီး ကျန်းမာရေးဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြေင်း သိရသည်။
ဇော်ထက်(သရက်)