ကော့သောင်းမြို့တွင် ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကော့သောင်း စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊‌‌ ကော့‌သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ယမန်နေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်နှင့် အဏ္ဏဝါရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ  ရေဘေးအသိပညာပေးများ ဆောင်‌ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်း၊ တောင်ပြိုမြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ချက်များ လိုက်လံဆော်ဩခြင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေသော ရေဘေးအသိ ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)